နေဟမိမှတ်စာ 12:27-29
27
ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။
28
ဓမ္မသီချင်းကို ဆိုတတ်သောအမျိုးသားတို့သည်၊
29
ယေရုရှလင်မြို့ပတ်ဝန်းကျင်ရွာတို့၌ နေရာကျ လျက်ရှိ၍၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်၊ လွင်ပြင်အရပ် များ၊ နေတောဖာသိရွာများ၊ ဂိလဂါလမြို့နယ်၊ ဂေဗနှင့် အာဇမာဝက်ကျေးလက်ထဲက လာ၍ စည်းဝေးကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings