Skip to content
ရှင်မဿဲခရစ်ဝင် 17:10-13

ရှင်မဿဲခရစ်ဝင် 17:10-13

10
ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
11
ယေရှုက၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။
12
ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟုမိန့်တော်မူသော်၊
13
ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်