Skip to content
ရှင်မာကုခရစ်ဝင် 6:53-56

ဂေနေသရက်ပြည်၌ အနှံ့အပြား ကုသခြင်း

ရှင်မာကုခရစ်ဝင် 6:53-56
53
ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက်၍ လှေကို ဆိုက်ကြ၏။
54
လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊
55
ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍ မည်သည့်အရပ်၌ ရှိတော်မူသည်ဟုကြားလျှင်၊ ထိုအရပ် သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။
56
မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ ပန်းပွါးကိုမျှတို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်းချမ်းသာရကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options