Skip to content
မာလခိအနာဂတ္တိကျမ်း 3:16-18

မာလခိအနာဂတ္တိကျမ်း 3:16-18

16
ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သော သူ တို့သည် တယောက်ကိုတယောက် နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ ကြား တော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သောသူတို့အဘို့၊ ရှေ့တော်တွင် စာရင်း၌ မှတ်သားလျက်ရှိ၏။
17
ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင် ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အက၏အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကို ငါနှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
18
တဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ် သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော် ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options