ဝတ်ပြုရာကျမ်း 8:30-31
30
တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့်သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ၏။
31
မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings