ဝတ်ပြုရာကျမ်း 7:6-10
6
အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7
အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
8
လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
9
မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။
10
ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
Settings