Skip to content
ဝတ်ပြုရာကျမ်း 24:1-9

ဝတ်ပြုရာကျမ်း 24:1-9

1
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
2
ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ် မီးထွန်းရာဘို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
3
အာရုန်သည်လည်း၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
4
စင်ကြယ်သော မီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင် ရမည်။
5
သင်သည် မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊-
6
ထာဝရဘုရားရှေ့ စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
7
ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည်။-
8
ထာဝရဘုရား ပဠိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုဃ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည်။
9
ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် ပိုင်၍၊ သန့်ရှင်းရာ ဌာနတော်၌ စားရကြမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options