ဝတ်ပြုရာကျမ်း 14:1-5
1
တဖန် မောရှေအား ထာဝရဘုရားက၊
2
နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-
3
ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသော အခါ၊ နူနာပျောက်သည်မှန်လျှင်၊-
4
စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့၊ အသက်ရှင်၍ စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ် သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊-
5
စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တကောင်ကို သတ်စေပြီးမှ၊-
Settings