Skip to content
ဝတ်ပြုရာကျမ်း 11:9-12

သန့်ရှင်းသော ရေသတ္တဝါနှင့် မသန့်ရှင်းသောရေသတ္တဝါ

ဝတ်ပြုရာကျမ်း 11:9-12
9
ပင်လယ်ရေ၊ မြစ်ရေ အစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည်။
10
အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
11
အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ။
12
သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်