ဝတ်ပြုရာကျမ်း 11:41-43
41
မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။
42
ခြေမရှိ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ် ဖြစ်၏။
43
တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။
Settings