ယေရမိမြည်တမ်းစကား 3:33-38
33
ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
34
ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
35
လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
36
သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။
37
ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။
38
အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်