ယောရှုမှတ်စာ 1:12-18
12
တဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊
13
ထာဝရဘုရား၏ ကျွန်မောရှေသည်၊ သင်တို့ အား မှာထားသော စကားဟူမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။
14
သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည်၌ နေရစ်ရကြမည်။
15
ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြ မည်ဟု ပြောဆို၏။
16
ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည်။
17
အရာရာတို့၌ မောရှေ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
18
အာဏာတော်ကို ဆန်၍၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော် မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။
Settings