Skip to content
ရှင်ယောဟန်ခရစ်ဝင် 4:16-19

ယေရှုသည် သူမ၏အတိတ်ကို ဖော်ပြတော်မူခြင်း

ရှင်ယောဟန်ခရစ်ဝင် 4:16-19
16
ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။
17
မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။
18
အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။
19
ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options