Skip to content
ယောဘဝတ္ထု 40:1-4

ယောဘဝတ္ထု 40:1-4

1
တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။
2
ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊
3
ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။
4
ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်