24
ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
25
ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။