Skip to content
ယောဘဝတ္ထု 18:11-14

မတရားသောသူတို့အဖို့ ကြောက်မက်ခြင်းနှင့် ဖျက်ဆီးခြင်း စောင့်နေခြင်း

ယောဘဝတ္ထု 18:11-14
11
ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
12
သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။
13
ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။
14
သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options