ယေရမိအနာဂတ္တိကျမ်း 37:1-5
1
ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ၌၊ ယောရှိမင်းကြီး၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။
2
ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော် မူသော စကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ၏။
3
တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ်၍၊ ငါတို့ အဘို့ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်း ပါလော့ဟု မှာလိုက်၏။
4
ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက် သေး။ လူများ တို့နှင့်ပေါင်းဘော်လျက် နေသေး၏။
5
ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။
Settings