ဟေရှာယအနာဂတ္တိကျမ်း 51:15-17
15
ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
16
မိုဃ်းကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ် ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကို ငါမိုးပြီ။
17
ထာဝရဘုရား၏လက်တော်၌ အမျက်တော် ဖလားကို သောက်သော ယေရုရှလင်မြို့၊ နိုးလော့။ နိုး၍ ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန် သောက်ခဲ့ပြီ။ အနည်အဖက်ကိုလည်း ညှစ်ခဲ့ပြီ။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်