Skip to content
ဟေရှာယအနာဂတ္တိကျမ်း 22:15-19

ဘဏ္ဍာစိုး ရှေဗနအပေါ် တရားစီရင်ခြင်း

ဟေရှာယအနာဂတ္တိကျမ်း 22:15-19
15
ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော် အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင်၊
16
မြင့်သော အရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း ၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ထွင်းစေခြင်းငှါ၊ ဤအရပ် နှင့် အဘယ်သို့ဆိုင်သနည်း။
17
ထာဝရဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်း ဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန် ကိုင်ဘမ်း၍၊
18
တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကြက် သရေရထားတို့သည်၊ သင့်အရှင်၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်။
19
ငါသည်လည်း သင်၏ အရာကို နှုတ်မည်။ သင် ၏ နေရာမှ သင့်ကိုချမည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options