အကြောင်းအရာသို့ ကျော်သွားရန်
ဟေရှာယအနာဂတ္တိကျမ်း 21:6-10

ကင်းစောင့်၏ သတင်းပို့ချက်

ဟေရှာယအနာဂတ္တိကျမ်း 21:6-10
6
အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။
7
ကင်းစောင့်သည်လည်း၊နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင်၊
8
သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့် လျက်နေပါ၏။
9
ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။
10
ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options