Skip to content
ဟေရှာယအနာဂတ္တိကျမ်း 14:22-25

ဟေရှာယအနာဂတ္တိကျမ်း 14:22-25

22
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည်သူတို့တဘက်၌ ထ၍ ဗာဗုလုန် မြို့၏နာမနှင့် အကြွင်းအကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23
ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
24
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊
25
ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည်။ ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍၊သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်