ဟေရှာယအနာဂတ္တိကျမ်း 14:18-20
18
အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။
19
သင့်ကိုမူကား၊ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ၏။
20
သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
Settings