ဟေရှာယအနာဂတ္တိကျမ်း 10:16-19
16
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။
17
ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။
18
တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည်။
19
ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။
Settings