Skip to content
ဟဂ္ဂဲအနာဂတ္တိကျမ်း 1:9-10

ဟဂ္ဂဲအနာဂတ္တိကျမ်း 1:9-10

9
သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့်၎င်း၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်း ဖြစ်သတည်း။
10
ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်