ကမ္ဘာဦးကျမ်း 29:27-30
27
ခုနစ်ရက်စေ့အောင် ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊
28
ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။
29
ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။
30
ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ၏။
Settings