အကြောင်းအရာသို့ ကျော်သွားရန်
ကမ္ဘာဦးကျမ်း 17:15-22

စာရာနှင့် ဣဇာက်၏ ကတိတော်

ကမ္ဘာဦးကျမ်း 17:15-22
15
တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကို မူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ၏။
16
သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု၊ အာဗြဟံအား မိန့်တော်မူ၏။
17
ထိုအခါအာဗြဟံသည် ပြပ်ဝပ်လျက် အသက် တရာရှိသော သူသည် သားကို ရလိမ့်မည်လော။ အသက် ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လော ဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
18
ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေ သောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
19
ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည်။ သူ၌၎င်း သူ့နောက်မှ သူ၏ အမျိုးအနွယ်၌၎င်း ငါ၏ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
20
ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွားစေ၍ သူ့ကို အလွှန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။
21
သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
22
မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options