Skip to content
ဧဇရမှတ်စာ 1:4-11

ဧဇရမှတ်စာ 1:4-11

4
ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
5
ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။
6
အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။
7
ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို၊
8
ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက် လျက် အပ်တော်မူ၏။
9
ဗိမာန်တော် တန်ဆာစာရင်းဟူမူကား၊ ရွှေ ဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ် ကိုးစင်း၊
10
ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာ တဆယ်၊ အခြားသောတန်ဆာတထောင်၊
11
ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။
Settings

Reading Style

Typeface

Font Size 19px

Options