Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 46:6

ယေဇကျေလအနာဂတ္တိကျမ်း 46:6

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 6 ကို ပြသနေသည်။
3
ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။
4
ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။
5
ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
6
လဆန်းနေ့၌ အပြစ်မပါသော နွားထီး တကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။
7
ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။
8
မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
9
ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။
Settings

Reading Style

Typeface

Font Size 19px

Options