Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 45:18-25

ယေဇကျေလအနာဂတ္တိကျမ်း 45:18-25

18
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည်။
19
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါး တိုင်၌၎င်း ထည့်ရမည်။
20
ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
21
ပဌမလတဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည်။
22
ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့၎င်း၊ ပြည်သူ ပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည်။
23
ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို၎င်း၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို၎င်း နေ့တိုင်းပူဇော်ရမည်။
24
နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ၊ ဆီတဟိန်ကို ပြင်ဆင်ရမည်။
25
သတ္တမလတဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင် အပြစ်ဖြေရာ ယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ကာ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံး ပြုရမည်။
Settings

Reading Style

Typeface

Font Size 19px

Options