အကြောင်းအရာသို့ ကျော်သွားရန်
ယေဇကျေလအနာဂတ္တိကျမ်း 28:20-23

ဇိဒုန်မြို့ကို ဆန့်ကျင်သော ပရောဖက်ပြုချက်

ယေဇကျေလအနာဂတ္တိကျမ်း 28:20-23
20
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21
အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
22
အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။
23
သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options