Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 11:13

ယေဇကျေလအနာဂတ္တိကျမ်း 11:13

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 13 ကို ပြသနေသည်။
10
သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
11
ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
12
အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။
13
ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။
14
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
15
အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
16
ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options