Skip to content
ထွက်မြောက်ရာကျမ်း 33:18-23

မောရှေသည် ထာဝရဘုရား၏ဘုန်းတော်ကို မြင်ခြင်း

ထွက်မြောက်ရာကျမ်း 33:18-23
18
တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
19
ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရ ဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည်။ သနားလိုသောသူကိုလည်းသနားမည်။
20
သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊
21
ငါ့အနားမှာ နေရာတခုရှိ၏။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည်။
22
ငါ့ဘုန်းရှောက်သွားသောအခါ၊ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကို ငါ့လက်နှင့် ဖုံးအုပ်မည်။
23
ငါလက်ကို သိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာ မြင်ရမည်၊ ငါ့မျက်နှာကိုမမြင်ရဟူ၍၎င်း မိန့်တော် မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options