ဒေသနာကျမ်း 7:4-6
4
ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။
5
လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
6
အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Settings