Skip to content
ဒေသနာကျမ်း 12:9-14

ဒေသနာကျမ်း 12:9-14

9
ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။
10
ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။
11
ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။
12
တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ်၏။
13
အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
14
အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options