တရားဟောရာကျမ်း 4:45
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 45 ကို ပြသနေသည်။
42
အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည် ခွဲထားလေ၏။
43
ထိုမြို့တို့၏ အမည်ကား၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း။
44
ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုး သားတို့၌ ထားသောတရား၊
45
သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံ အတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသော ချိုင့်တွင်၊ မောရှေဟောပြောသော သက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။
46
မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊
47
ဗာရှန်ရှင်ဘုရင် ဩဃတည်းဟူသော၊ ယော်ဒန် မြစ်အရှေ့၊ နေထွက်ရာဘက်၌ နေသော အာမောရိ ရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊
48
အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင် အောင်၎င်း၊
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings