Skip to content
တရားဟောရာကျမ်း 28:53-57

တရားဟောရာကျမ်း 28:53-57

53
ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။
54
သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
55
အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသား သမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိ ရင်ခွင်၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
56
သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်း ကျပ်စေသောအခါ၊
57
အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ရှိသော လင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သော အချင်း၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options