တရားဟောရာကျမ်း 28:11-12
11
ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။
12
ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ။
Settings