- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့အတွက် ထောက်ပံ့ခြင်း
တရားဟောရာကျမ်း 18:1-8
1
လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဘို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။
2
ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။
3
လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊
4
အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။
5
အကြောင်းမူကား၊ သူမှစ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ။
6
ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသား တစုံတယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာ လျှင်၊
7
ထာဝရဘုရားရှေ့တော်၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ၏ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည်။
8
သူ၏အမွေကို ရောင်း၍ရသော ဥစ္စာမှတပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။
Settings