Skip to content
တရားဟောရာကျမ်း 18:1-4

တရားဟောရာကျမ်း 18:1-4

1
လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အဘို့မရှိ အမွေမခံရဘဲ၊ ထာဝရဘုရား၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည်။
2
ထို့ကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။
3
လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊
4
အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။
Settings

Reading Style

Typeface

Font Size 19px

Options