Skip to content
တရားဟောရာကျမ်း 17:1-7

အပြစ်အနာအဆာရှိသော ယဇ်များနှင့် ရုပ်တုကိုးကွယ်ခြင်းအတွက် အပြစ်ဒဏ်

တရားဟောရာကျမ်း 17:1-7
1
အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာ ပါသော သိုး၊ နွားကို၊ သင်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
2
သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့တို့တွင်၊
3
နေ၊ လ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊
4
သင်သည် သိတင်းကြား၍ စေ့စေ့မေးမြန်းသော အခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင်၊
5
ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေ သတ်ရမည်။
6
သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံရမည်။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ။
7
ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံ တို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်