အကြောင်းအရာသို့ ကျော်သွားရန်
တရားဟောရာကျမ်း 15:19-23

တိရစ္ဆာန်သားဦးတို့ဆိုင်ရာ ပညတ်တော်

တရားဟောရာကျမ်း 15:19-23
19
သင်၏သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည်။ အဦးဘွားသောနွား၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ။
20
ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည်။
21
ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။
22
သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည်။
23
သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options