Skip to content
တရားဟောရာကျမ်း 14:27-29

တရားဟောရာကျမ်း 14:27-29

27
သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသား ဟူမူကား၊ သင်တို့နှင့်ရော၍၊ အဘို့မရှိ၊ အမွေကို မခံရ သောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊
28
တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
29
သင်တို့နှင့်ရော၍ အဘို့မရှိ၊ အမွေကို မခံရသော လေဝိသား၊ သင်တို့နေရာအရပ်၌ ရှိသော တပါးအမျိုး သား၊ မိဘမရှိသော သူငယ်၊ မုတ်ဆိုးမများတို့သည် လာ၍ ဝစွာစားရကြမည်။ သို့ဖြစ်လျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ပြုလေရာရာ၌ ကောင်းကြီး ပေးတော်မူမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်