အကြောင်းအရာသို့ ကျော်သွားရန်
တရားဟောရာကျမ်း 1:9-13

တရားဟောရာကျမ်း 1:9-13

9
ထိုအခါ သင်တို့အား ငါပြောသည်ကား၊ သင်တို့ အမှုကို ငါတယောက်တည်း မထမ်းနိုင်။
10
သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ၍၊ သင်တို့သည် အရေ အတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ ဖြစ်ကြ၏။
11
သင်တို့အဘများ၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေ တော်မူပါစေသော။ ဂတိတော်ရှိသည်အတိုင်း ကောင်း ကြီးပေးတော်မူပါစေသော။
12
သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန် တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင် မည်နည်း။
13
ဉာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options