Skip to content
ဒံယေလအနာဂတ္တိကျမ်း 3:28-29

ဒံယေလအနာဂတ္တိကျမ်း 3:28-29

28
နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။
29
ထိုကြောင့်၊ အရပ်ရပ်တို့၌ နေ၍အသီးသီးအခြားခြား သော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူသည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အားပြစ်မှားသော စကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော် ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှ မပြုနိုင် ဟု မိန့်တော်မူပြီးမှ၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်