Skip to content
အာမုတ်အနာဂတ္တိကျမ်း 8:9-12

အာမုတ်အနာဂတ္တိကျမ်း 8:9-12

9
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။
10
သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။
11
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။
12
လူတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို ရှာလျက်၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည်၍၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်