1
ထိုအခါပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
2
အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ၏။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။