Skip to content
တမန်တော်ဝတ္ထု 14:19-20

ပေါလု ကျောက်ခဲနှင့် ပစ်ခံရ၍ အသက်ပြန်ရှင်ခြင်း

တမန်တော်ဝတ္ထု 14:19-20
19
ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှ လာကြ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။
20
တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည် ထ၍မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်