Skip to content
ဓမ္မရာဇဝင်စတုတ္ထစောင် 4:29-31

ဓမ္မရာဇဝင်စတုတ္ထစောင် 4:29-31

29
ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
30
အမိကလည်း၊ ထာဝရဘုရားအသက်၊ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုလျှင်၊ ဧလိရှဲသည် ထ၍ လိုက် လေ၏။
31
ဂေဟာဇိသည်အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာတင်သော်လည်း၊ သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟု ပြန်ပြော၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်