Skip to content
ဓမ္မရာဇဝင်စတုတ္ထစောင် 15:13-16

ရှလ္လုံ၏ နန်းစံတိုတောင်းခြင်း

ဓမ္မရာဇဝင်စတုတ္ထစောင် 15:13-16
13
ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင်၍၊ ရှမာရိမြို့၌ တလစိုးစံလေ၏။
14
ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား၍၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင်၊ သူ၏အရာ၌ နန်းထိုင်၏။
15
ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက်ရှိ၏။
16
ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကို ခွဲလေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options