Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 7:11-18

ရာဇဝင်ချုပ်ဒုတိယစောင် 7:11-18

11
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
12
ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။
13
မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊
14
ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
15
ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။
16
ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။
17
သင်သည် ငါမှာထားသမျှကို ပြု၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင်၊
18
ဣသရေလနိုင်ငံကို အုပ်စိုးရသောသင်၏အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည်။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options